Behind the Line: Escape to Dunkirk (2020)

 

Behind the Line: Escape to Dunkirk (2020)


ဇာတ်ကားကိုဒီမှာဒေါင်းပါ – https://mkvlinks.xyz/w1XqK74G
File size – 758.59Mb

ဇာတ်ကားကိုဒီမှာဒေါင်းပါ – https://mkvlinks.xyz/XnUQc
File size – 380.56Mb

ဇာတ်ကားကိုဒီမှာဒေါင်းပါ – https://paypou.com/CDL5
File size – 758.59Mb

ဇာတ်ကားကိုဒီမှာဒေါင်းပါ – https://paypou.com/J19zw
File size – 380.56Mb

Download လုပ်နည်းကိုအရင်ဝင်ကြည့်နိုင်ပါတယ် 









Behind the Line: Escape to Dunkirk (2020)
******************************************

Unicode
*******
ကမ္ဘာကြီးရဲ့ အတ္ထုပ္ပတိကိုလှန်ကြည့်တဲ့အခါ
ကျွန်တော်တို့သက်တမ်းနဲ့တောင် ဖတ်မှတ်လို့မပြီးမယ့်
စိတ်၀င်စားစရာ အကြောင်းအရာတွေ အများကြီးပါပဲ။
ဒီဇာတ်လမ်းဟာ ကမ္ဘာ့သမိုင်းထဲက အရက်စက်ဆုံး
ကုန်ကျစရိတ်အများဆုံး သေကြေမှု အများဆုံး
ဒုတိယကမ္ဘာစစ်မှာဖြစ်ခဲ့တဲ့ စိတ်၀င်စားစရာဇာတ်လမ်း
တစ်ပုဒ်ပါပဲ။ ‌
ကြီးကျယ်တဲ့ဖြစ်ရပ်တွေတိုင်းရဲ့ အောင်မြင်မှု
ကျရှုံးမှုတွေဟာ ကောက်ရိုးမ‌‌ီးလို ဝုန်းခနဲထတောက်တာ
မဟုတ်ပါဘူး။ သေးငယ်တ‌ဲ့ ဓာတ်မှုန်ကလေးများစွာရဲ့
တစ်ခုချင်းဆီပေါက်ကွဲမှုတွေဟာပေါင်းဆုံပြီးမှ
မဟာပေါက်ကွဲမှုကြီးဖြစ်လာတာပါ။
ဒုတိယကမ္ဘာစစ်အကြောင်း ရိုက်ပြထားတဲ့
ရုပ်ရှင်တွေထဲမှာ The Immitation Gameလို
Dunkrikလို Saving Leningradလို
Darkest Hoursတို့လို ဖြစ်ရပ်မှန်‌
အခြေပြုကားကောင်းတွေရှိပါတယ်။
အဲ့ဒီရုပ်ရှင်တွေထဲကဖြစ်ရပ်ကလေးတွေ အကုန်
စုပေါင်းပြီးမှ ဂျာမနီနဲ့ မဟာမိတ်တွေကို နိုင်ခဲ့တာပါပဲ။

1940မှာ ဂျာမနီတွေဟာ ပိုလန် ဒိန်းမတ် နော်ဝေး
ဘယ်ဂျီယမ်တို့ကိုသိမ်းပြီးတဲ့နောက် ပြင်သစ်နိုင်ငံက
Dunkrikမြို့ကို ဝိုင်ထားကြတယ်။ ဗြိတန်တွေဟာ
ဂျာမန်တွေကိုခုခံဖို့ တပ်တစ်တပ်ပဲထားပြီး
အပြင်းအထန်ဆုတ်ခ‌ွာခဲ့ရတယ်။ ဒီဇာတ်လမ်းက
ဒီအချိန်မှာပါပဲ။ ဗြိတိန်ရှေ့ပြေးတပ်ဖွဲ့ဟာ
ပြင်သစ်နယ်စပ်မှာ ကတုတ်ကျင်းခို စောင့်ဆိုင်းနေရာက
တပ်ဆုတ်လာတဲ့ ဖြစ်ရပ် နောက်ကွယ်ကို
ညဏ်ကွန့်မြူးရိုက်ပြထားတာပါ။ပြင်သစ်နယ်စပ်ကနေ Dunkrikကိုတပ်ဆုတ်ရမယ့်
လမ်းမှာ ဗြိတန်တပ်သားနှစ်ယောက်အဖမ်းခံရတာကနေ
ဒီဇာတ်လမ်းကို အစပြုထားတယ်။‌ဒါတော့
ဘာမှမထူးဆန်းပါဘူး။ ထူးတာက အဲ့ဒီတပ်သား
နှစ်ယောက်ထဲက တစ်ယောက်ဟာ ကမ္ဘာ့ မစ်ဒယ်ဝိတ်
ချန်ပီယံ ဒန်နီ ဖန်နီဂန်ပါ။ဂျာမနီတွေမှာ တပ်မှာ
ဘယ်သူပါတယ်ဆိုတဲ့ စာရင်းအတိအကျရှိနေတော့
ဒန်နီဟာ သူမဟုတ်ပါဘူးလည်း ငြင်းမရပါဘူး။
ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံကို မိထားတဲ့
ဂျာမနီတွေရဲ့ ဆက်လုပ်မယ့်ရည်ရွယ်ချက်ကတော့
ရှင်းပါတယ်။ ဂျာမနီတပ်သားတစ်ယောက်နဲ့
ဒန့်နီကိုထိုးခိုင်းပြီး ဂျာမနီတစ်ယောက်က
ကမ္ဘာ့ချန်ပီယံကိုနိုင်တယ်ဆိုတဲ့ အမျိုးသားရေး
ဂုဏ်သိက္ခာကို တည်ဆောက်ယူလိုက်ဖို့ပါပဲ။
ဒန်နီ့ကို မထိုးထိုးအောင် အရှုံးပေးအောင်
နည်းမျိုးစုံနဲ့ကြိုးစားနေတဲ့ကြားက
ဂျာမနီကိုမပို့ခင် သူတို့လွတ်အောင်ကြိုးစားကြတဲ့
အကြောင်းကိုပဲ ရိုက်ပြထားတာပါ။ဇာတ်လမ်းဖွဲ့စည်းပုံကတော့ Dunkrikနဲ့
Inglorious Bastardsကို စပ်ထားတဲ့ပုံစံမျိုးပါပဲ။
ကြာချိန်က တစ်နာရီခွဲမို့ အရမ်းတိုတယ်တော့‌
‌ပြောရမယ်။ နာမည်ကြီး ဘယ်သူမှမပါပေမယ့်
ဇာတ်အိမ်‌ရော သရုပ်ဆောင်ရော ဒါရိုက်တာရော
အတော်ပြေပြစ်တဲ့အထဲပါတယ်။ Rating
ကောင်းပေမယ့် ခေါင်းခဲစေမယ့်ကားမျိုးမဟုတ်ပဲ
ပေါ့ပေါ့ပါးပါးကြည့်လို့ရတယ့် ရုပ်ရှင်ပါပဲ။
ဒါပေမယ့် စစ်ပွဲတစ်ပွဲရဲ့ အောင်နိုင်မှုဟာ
ခေါင်းဆောင်တစ်ဦးတစ်ယောက်ကြောင့်မဟုတ်ဘဲ
တပ်သားတစ်ယောက်စီတိုင်းရဲ့ မျိုးချစ်စိတ်ဓာတ်နဲ့
ချစ်စိတ်ကြောင့်ဆိုတာကိုတော့ ကောင်းကောင်းကြီး
ခံစားရအောင်တော့ ရိုက်ပြနိုင်ခဲ့တယ်။
Review CM
Crd Link

Author: Our Movies

Leave a Reply

Your email address will not be published. Required fields are marked *