Twelve Monkeys (1995)


Twelve Monkeys (1995)

ဇာတ်ကားကိုဒီမှာဒေါင်းပါ – https://paypou.com/bwMmFQ3
File size – 445.79Mb


ဇာတ်ကားကိုဒီမှာဒေါင်းပါ – https://paypou.com/rsCCGPG
File size – 1.15Mb


ဇာတ်ကားကိုဒီမှာဒေါင်းပါ – https://mkvlinks.xyz/CCVp8sG
File size – 445.79Mb


ဇာတ်ကားကိုဒီမှာဒေါင်းပါ – https://mkvlinks.xyz/tE1Iy
File size – 1.15Mb


ဇာတ်ကားကိုဒီမှာဒေါင်းပါ – http://bc.vc/RUZso0k
File size – 445.79Mb


ဇာတ်ကားကိုဒီမှာဒေါင်းပါ – http://bc.vc/S4hnSiO
File size – 1.15Mb



Download လုပ်နည်းကိုအရင်ဝင်ကြည့်နိုင်ပါတယ် 
>> 





Twelve Monkeys (1995)
*****************
Unicode
*******
12 Monkeys (1995)ဒီရုပ်ရှင်က ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ ဥပမာပေးရရင်
ဟိုးတုန်းက ကြက်ဥနဲ့ကြက်မ ဘယ်ဟာ အရင်ဖြစ်သလဲဆိုတဲ့Paradoxလိုပါပဲ။
ဒါပေမယ့် သိပ္ပံပညာရှင်တွေက ကြက်ဥခွံမှာပါတဲ့ ဒြပ်တစ်မျိုးကို ကြက်မကသာထုတ်နိုင်တယ်ဆိုတာ အတည်ပြုပြီးစီးခဲ့တဲ့အတွက် တခြား ဥပမာတစ်ခုပြောင်းသုံးပါမယ်။
ဘုရားသခင်သာ အရာအားလုံး လုပ်နိုင်တယ်ဆိုရင်သူမ နိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းနိုင်ပါသလားဆိုတဲ့ Omnipotence paradoxပါ။ဘုရားသခင်က သူမနိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းလိုက်တယ်ဆိုရင်လည်း သူအရာအားလုံး မလုပ်နိုင်တော့ပါဘူး။
မဖန်ဆင်းဘူးဆိုရင်လည်း သူ အရာအားလုံး မလုပ်နိုင်သေးပြန်ပါဘူး။
ဒီရုပ်ရှင်ကလည်း ဒီလိုပါပဲ
ကိုယ့်အမြှီး ကိုယ်ပြန်မြိုထားတဲ့ မြွေတစ်ကောင်ပါပဲ။1996မှာစပြီး လေထုထဲ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့ခဲ့တာကြောင့် ကမ္ဘာမြေမျက်နှာပေါ်မှာ လူတွေနေလို့မရတော့ပါဘူး။
လူသားတွေဟာ မြေအောက်ထဲမှာ မြေကြွက်တွေလို ရှင်သန်နေရပါတယ်။
2035မှာ‌တော့သိပ္ပံပညာတိုးတက်လာတာနဲ့ တစ်ပြိုင်နက် အချိန်ယန္တရားကို တီထွင်နိုင်ခဲ့ပါပြီ။
သိပ္ပံပညာရှင်တွေဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကမ္ဘာ့လေထုထဲ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ရဲ့ mutation ဖြစ်မသွားခင်
မူလပုံစံရဲ့ အချက်အလက်တွေကို အတိတ်ကနေ ပြန်စုံစမ်းဖို့ အခွင့်အရေးရလာပါတယ်။
ကောက်ချက်တွေအရတော့ 12monkeysလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက ဗိုင်းရပ်စ်ကို ဖြန့်ခဲ့တာ သိထားပါပြီ။
12monkeysကို စုံစမ်းဖို့ လွှတ်ရမယ့် အန္တရယ်များတဲ့ အချိန်ခရီးရှည်ကြီးကိုတော့ လူကောင်းသူကောင်းတွေကိုသူတို့လွှတ်လို့ အဆင်မပြေပါဘူး။
ဆိုတော့ကာ
ထောင်သားတွေကို လုပ်အားပေးအနေနဲ့သုံးပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို မက်လုံးပေး ခိုင်းစေခဲ့ပါတယ်။
ဒီစုံစမ်းမှုအတွက် အပြစ်သားအတော်အသုံးချခဲ့ပေမယ့် အချိန်လွဲချော်မှုအစရှိတဲ့ ကယောက်ဂယက်တွေကြောင့် အတော်များများ ရူးသွားခဲ့တာပါပဲ။
သိပ္ပံပညာရှင်တွေဟာ စူးစမ်းရှာဖွေမှုကောင်းတဲ့ ဂျိမ်းစ်ကိုးလ်ကို လုပ်အားပေးအလှည့်ကျအဖြစ် ဗိုင်းရပ်စ်ဖြစ်ခဲ့တဲ့ ၁၉၉၆ကိုလွှတ်လိုက်ပါတယ်။
ကံဆိုးချင်တော့ ကိုးလ်ရောက်သွားတာ ၁၉၉၀ပါ။
လမ်းမပေါ် ပလတ်စတစ်အကြည်သား ဝတ်စုံကြီးဝတ် အတွင်းခံကလွဲအထင်းသားမြင်နေရတဲ့ ကိုးလ်ကို
၁၉၉၀က လူတွေ ပို့လိုက်တဲ့တစ်ခုတည်းသောနေရာက အရူးထောင်ပါပဲ။
ဒီရုပ်ရှင်မှာ အရာအားလုံးက အကျိူးအကြောင်းတစ်ခုနဲ့ ဖြစ်‌နေကြတာပါ။
ဒီလိုနဲ့ 12monkeysရှိတောင်မရှိသေးတဲ့ ကာလကို ရောက်လာတဲ့ ကိုးလ်ဟာ
သူတွေ့သင့်လား ‌မတွေ့သင့်လား ကျွန်တော်တို့တောင် မရေရာတဲ့ လူတွေနဲ့ တွေ့ခဲ့ရပါတယ်။အနာဂတ်ကလာတယ်ပြောပေမယ့် သက်သေပြစရာမရှိတဲ့ ကိုးလ်ဟာ
ဆေးရုံကနေ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် တိုက်ပိတ်ခံလိုက်ရပါတယ်။
ဆရာဝန်တွေလာစစ်တဲ့ အခါမှာတော့ လေဝင်ပေါက်ကလေးလွဲ ဘာမှမရှိတဲ့အခန်းကနေ ကိုးလ်ဟာ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားပါတယ်။
သူ့ကို ဘယ်သူမှလည်း မတွေ့တော့ပါဘူး။ခြောက်နှစ်အကြာ 1996မှာတော့ ပေါင်မှာ သေနတ်ဒဏ်ရာကြီးနဲ့ ကိုးလ် ပြန်ပေါ်လာပြီး
စိတ်ရောဂါကုဆရာဝန် ဒေါက်တာ ကတ်သရင်းရေလ်လီကို ပြန်ပေးဆွဲခဲ့ပါတယ်။
‌ဗိုင်းရပ်စ်ဖြစ်လာဖို့ အချိန်အရမ်းနီးနေပါပြီ။
12Monkeysနောက်ကို ကိုးလ်လိုက်နေပေမယ့် လိုက်လေဝေးလေဖြစ်နေပါပြီ။
သူ့ကို ယုံကြည်တဲ့လူလည်း တစ်ဦးတစ်ယောက်မှ မရှိပါဘူး။
ရဲတွေလိုက်ရှာနေတဲ့ကြားကနေ ကိုးလ်ထပ်ပျောက်သွားပေမယ့် ကတ်သရင်းကတော့ ကိုးလ်ပေါင်ထဲက သူထုတ်ခဲ့တဲ့ကျည်ဆန်ဟာ ပထမကမ္ဘာစစ်ကဆိုတာ သိလိုက်ပြီ
ပထမကမ္ဘာစစ်အတွင်းက ကိုးလ်လို့ယူဆရတဲ့လူတစ်‌ယောက်ဓာတ်ပုံကိုတွေ့လိုက်တဲ့အခါမှာတော့…Time Travleကား တစ်ခုပေမယ့် ပြချင်တဲ့ Conceptကတော့ အတော်များပါတယ်။
တိရိစ္ဆာန်အခွင့်အရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ရဲ့
အစွန်းနှစ်ဖက်၊ Alfred Hitchcock ရုပ်ရှင်၊ အိုမာခယမ်ကဗျာ၊ နာမည်ကျော်သမိုင်းဖြစ်ရပ်တွေကို Refယူထားပြီး ဖြစ်ရပ်တွေ Dialougeတွေရဲ့ အချိတ်အဆက်က သေသပ်ပါတယ်။ဒီရုပ်ရှင်နဲ့ Brad Pittပထမဆုံး အော်စကာ ဆန်ခါတင် ဝင်ထားပြီး
Sound Trackတွေထဲ WOLFGANG AMADEUS MOEZARTရဲ့ Piano Concertoတောင်ပါပါတယ်။( အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ် )
Crd Cm


How to download? 



Zawgyi
********
12 Monkeys (1995)ဒီ႐ုပ္ရွင္က ဘယ္လို႐ုပ္ရွင္မ်ိဳးလဲဆိုတာ ဥပမာေပးရရင္
ဟိုးတုန္းက ၾကက္ဥနဲ႔ၾကက္မ ဘယ္ဟာ အရင္ျဖစ္သလဲဆိုတဲ့Paradoxလိုပါပဲ။
ဒါေပမယ့္ သိပၸံပညာရွင္ေတြက ၾကက္ဥခြံမွာပါတဲ့ ျဒပ္တစ္မ်ိဳးကို ၾကက္မကသာထုတ္ႏိုင္တယ္ဆိုတာ အတည္ျပဳၿပီးစီးခဲ့တဲ့အတြက္ တျခား ဥပမာတစ္ခုေျပာင္းသုံးပါမယ္။
ဘုရားသခင္သာ အရာအားလုံး လုပ္ႏိုင္တယ္ဆိုရင္သူမ ႏိုင္စြမ္းမရွိတဲ့ ေတာင္တစ္လုံးကို ဖန္ဆင္းႏိုင္ပါသလားဆိုတဲ့ Omnipotence paradoxပါ။ဘုရားသခင္က သူမႏိုင္စြမ္းမရွိတဲ့ ေတာင္တစ္လုံးကို ဖန္ဆင္းလိုက္တယ္ဆိုရင္လည္း သူအရာအားလုံး မလုပ္ႏိုင္ေတာ့ပါဘူး။
မဖန္ဆင္းဘူးဆိုရင္လည္း သူ အရာအားလုံး မလုပ္ႏိုင္ေသးျပန္ပါဘူး။
ဒီ႐ုပ္ရွင္ကလည္း ဒီလိုပါပဲ
ကိုယ့္အျမႇီး ကိုယ္ျပန္ၿမိဳထားတဲ့ ေႁမြတစ္ေကာင္ပါပဲ။1996မွာစၿပီး ေလထုထဲ ဗိုင္းရပ္စ္တစ္မ်ိဳး ပ်ံ႕ႏွံ႔ခဲ့တာေၾကာင့္ ကမာၻေျမမ်က္ႏွာေပၚမွာ လူေတြေနလို႔မရေတာ့ပါဘူး။
လူသားေတြဟာ ေျမေအာက္ထဲမွာ ေျမႂကြက္ေတြလို ရွင္သန္ေနရပါတယ္။
2035မွာ‌ေတာ့သိပၸံပညာတိုးတက္လာတာနဲ႔ တစ္ၿပိဳင္နက္ အခ်ိန္ယႏၲရားကို တီထြင္ႏိုင္ခဲ့ပါၿပီ။
သိပၸံပညာရွင္ေတြဟာ ကမာၻႀကီးကိုကယ္တင္ဖို႔ ကမာၻ႔ေလထုထဲ ပ်ံ႕ႏွံ႔ေနတဲ့ ဗိုင္းရပ္စ္ရဲ႕ mutation ျဖစ္မသြားခင္
မူလပုံစံရဲ႕ အခ်က္အလက္ေတြကို အတိတ္ကေန ျပန္စုံစမ္းဖို႔ အခြင့္အေရးရလာပါတယ္။
ေကာက္ခ်က္ေတြအရေတာ့ 12monkeysလို႔ေခၚတဲ့ အဖြဲ႕အစည္းတစ္ခုက ဗိုင္းရပ္စ္ကို ျဖန႔္ခဲ့တာ သိထားပါၿပီ။
12monkeysကို စုံစမ္းဖို႔ လႊတ္ရမယ့္ အႏၲရယ္မ်ားတဲ့ အခ်ိန္ခရီးရွည္ႀကီးကိုေတာ့ လူေကာင္းသူေကာင္းေတြကိုသူတို႔လႊတ္လို႔ အဆင္မေျပပါဘူး။
ဆိုေတာ့ကာ
ေထာင္သားေတြကို လုပ္အားေပးအေနနဲ႔သုံးၿပီး ျပစ္ဒဏ္ကင္းလြတ္ခြင့္ကို မက္လုံးေပး ခိုင္းေစခဲ့ပါတယ္။
ဒီစုံစမ္းမႈအတြက္ အျပစ္သားအေတာ္အသုံးခ်ခဲ့ေပမယ့္ အခ်ိန္လြဲေခ်ာ္မႈအစရွိတဲ့ ကေယာက္ဂယက္ေတြေၾကာင့္ အေတာ္မ်ားမ်ား ႐ူးသြားခဲ့တာပါပဲ။သိပၸံပညာရွင္ေတြဟာ စူးစမ္းရွာေဖြမႈေကာင္းတဲ့ ဂ်ိမ္းစ္ကိုးလ္ကို လုပ္အားေပးအလွည့္က်အျဖစ္ ဗိုင္းရပ္စ္ျဖစ္ခဲ့တဲ့ ၁၉၉၆ကိုလႊတ္လိုက္ပါတယ္။
ကံဆိုးခ်င္ေတာ့ ကိုးလ္ေရာက္သြားတာ ၁၉၉၀ပါ။
လမ္းမေပၚ ပလတ္စတစ္အၾကည္သား ၀တ္စုံႀကီး၀တ္ အတြင္းခံကလြဲအထင္းသားျမင္ေနရတဲ့ ကိုးလ္ကို
၁၉၉၀က လူေတြ ပို႔လိုက္တဲ့တစ္ခုတည္းေသာေနရာက အ႐ူးေထာင္ပါပဲ။
ဒီ႐ုပ္ရွင္မွာ အရာအားလုံးက အက်ိဴးအေၾကာင္းတစ္ခုနဲ႔ ျဖစ္‌ေနၾကတာပါ။
ဒီလိုနဲ႔ 12monkeysရွိေတာင္မရွိေသးတဲ့ ကာလကို ေရာက္လာတဲ့ ကိုးလ္ဟာ
သူေတြ႕သင့္လား ‌မေတြ႕သင့္လား ကြၽန္ေတာ္တို႔ေတာင္ မေရရာတဲ့ လူေတြနဲ႔ ေတြ႕ခဲ့ရပါတယ္။အနာဂတ္ကလာတယ္ေျပာေပမယ့္ သက္ေသျပစရာမရွိတဲ့ ကိုးလ္ဟာ
ေဆး႐ုံကေန ထြက္ေျပးဖို႔ႀကိဳးစားတဲ့အတြက္ တိုက္ပိတ္ခံလိုက္ရပါတယ္။
ဆရာ၀န္ေတြလာစစ္တဲ့ အခါမွာေတာ့ ေလ၀င္ေပါက္ကေလးလြဲ ဘာမွမရွိတဲ့အခန္းကေန ကိုးလ္ဟာ ထူးဆန္းစြာပဲ ေပ်ာက္ဆုံးသြားပါတယ္။
သူ႔ကို ဘယ္သူမွလည္း မေတြ႕ေတာ့ပါဘူး။ေျခာက္ႏွစ္အၾကာ 1996မွာေတာ့ ေပါင္မွာ ေသနတ္ဒဏ္ရာႀကီးနဲ႔ ကိုးလ္ ျပန္ေပၚလာၿပီး
စိတ္ေရာဂါကုဆရာ၀န္ ေဒါက္တာ ကတ္သရင္းေရလ္လီကို ျပန္ေပးဆြဲခဲ့ပါတယ္။
‌ဗိုင္းရပ္စ္ျဖစ္လာဖို႔ အခ်ိန္အရမ္းနီးေနပါၿပီ။
12Monkeysေနာက္ကို ကိုးလ္လိုက္ေနေပမယ့္ လိုက္ေလေဝးေလျဖစ္ေနပါၿပီ။
သူ႔ကို ယုံၾကည္တဲ့လူလည္း တစ္ဦးတစ္ေယာက္မွ မရွိပါဘူး။
ရဲေတြလိုက္ရွာေနတဲ့ၾကားကေန ကိုးလ္ထပ္ေပ်ာက္သြားေပမယ့္ ကတ္သရင္းကေတာ့ ကိုးလ္ေပါင္ထဲက သူထုတ္ခဲ့တဲ့က်ည္ဆန္ဟာ ပထမကမာၻစစ္ကဆိုတာ သိလိုက္ၿပီ
ပထမကမာၻစစ္အတြင္းက ကိုးလ္လို႔ယူဆရတဲ့လူတစ္‌ေယာက္ဓာတ္ပုံကိုေတြ႕လိုက္တဲ့အခါမွာေတာ့…Time Travleကား တစ္ခုေပမယ့္ ျပခ်င္တဲ့ Conceptကေတာ့ အေတာ္မ်ားပါတယ္။
တိရိစာၦန္အခြင့္အေရးနဲ႔ ပတ္ဝန္းက်င္ထိန္းသိမ္းေရးတို႔ရဲ႕
အစြန္းႏွစ္ဖက္၊ Alfred Hitchcock ႐ုပ္ရွင္၊ အိုမာခယမ္ကဗ်ာ၊ နာမည္ေက်ာ္သမိုင္းျဖစ္ရပ္ေတြကို Refယူထားၿပီး ျဖစ္ရပ္ေတြ Dialougeေတြရဲ႕ အခ်ိတ္အဆက္က ေသသပ္ပါတယ္။ဒီ႐ုပ္ရွင္နဲ႔ Brad Pittပထမဆုံး ေအာ္စကာ ဆန္ခါတင္ ၀င္ထားၿပီး
Sound Trackေတြထဲ WOLFGANG AMADEUS MOEZARTရဲ႕ Piano Concertoေတာင္ပါပါတယ္။( အညႊန္းနဲ႔ဘာသာျပန္သူကေတာ့ WiRa Aung ျဖစ္ပါတယ္ ) 
Crd Cm



Author: Our Movies

Leave a Reply

Your email address will not be published. Required fields are marked *